ကွန်ဟိန်း ဒီဇင်ဘာလ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲအား ယနေ့ နံနက် ၁၁ နာရီခန့်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက မိသားစုလက်စွဲပါစာအုပ်မှ မေမေတို့အတွက် စိတိပိုင်းဆိုင်ရာစောင့်ရှောက်မှု၊ မီးဖွားရန်ပြင်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွားနှင့် ခံတွင်းသန့်ရှင်းရေး၊ မိသားစုထမင်းဝိုင်းတွင် အာဟာရပါဝင်နှုန်း မြှင့်တင်ခြင်း စသည့် အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် အာဟာရကြက်ဥပြုတ်များ မျှဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ အကျိုးခံစားခွင့်ရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)