တာမွေမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ် ” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ပြည်သူလက်ဝယ်အရောက် ဖြန့်ဝေ

တာမွေ ဒီဇင်ဘာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်ရေး လက်ကမ်းစာစောင်တွင် ပါဝင်သည့် “ရေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ” စသည့် အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များနှင့် စတေကာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာမွေမြို့နယ်ရုံးမှဝန်ထမ်းများက မြို့နယ်အဆင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လူစည်ကားရာ ကားမှတ်တိုင်များနှင့် ဈေးစသည့်နေရာများတွင် ပြည်သူများလက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မို့မို့အောင် (ပြန်/ဆက်)