မအူပင် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနမှတာ၀န်ယူဆောင်ရွက်လျက်ရှိသည့် သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရေလဲကလေး-မလောင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးမှ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မအူပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားများအား အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လုပ်ငန်းများအား စောလျင်စွာနှင့်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မအူပင်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အင်ဂျင်နီယာ ချုပ်(မြို့ပြ)မှ လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)