မအူပင် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွ ဖော်ဆောင်နိုင်ရေး ရွေးကောက်ပွဲဆိုင်ရာများကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများ၊ ရပ်ကွက်များ၊ စျေးများ၊ ကားဂိတ်များတွင် “ဒို့အတူတူ မဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” ဗီနိုင်းပိုစတာများ စိုက်ထူပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်