ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံပြုလုပ်မည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဒီဇင်ဘာ ၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံပြုလုပ်မည့်နေရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုခဲ့ကြသည်။

မဲရုံပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုရာတွင် မဲရုံများ၏လုံခြုံရေးအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းအရာများနှင့် ရွေးကောက်ပွဲကာလတွင် လုပ်ဆောင်ရမည့် အကြောင်းအရာများအား မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်သူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ မဲရုံပြုလုပ်မည့်နေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအေးလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့်အဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)