ဆိပ်ကြီးခနောင်တိုမြိုနယ်၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး "ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်တာဝန်ရှိသူများပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ဆိုင်ကယ်ကယ်ရီဂိတ်နှင့် ရွှေရန်ကုန်စက်တပ်ရေယာဥ် (သမ္ဗန်) ဂိတ်အနီးတွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေး ပြည်သူများထံ အသိပေးလှုံ့ဆော်မှုများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)