ချမ်းမြသာစည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၅

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ဇဗ္ဗူတမ္ပခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကျောင်းအုပ်ဆရာမကြီး ‌ ဒေါ်ခင်စန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့်ကျင့်ဝတ်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာကြုကြုအေးတို့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အ‌ခြေခံပညာအထက်တန်းကျောင်းနှင့်ပတ်သက်သည့် သိသင့်သိထိုက်သော အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကာဦးစီးမှူး ဦးတင်မောင်ဝင်းက လူငယ်နှင့် အားကစား ခေါင်းစဉ်များဖြင့် အသိပညာ‌ပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်တို့အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်‌အောင်နှင့်ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည်)