ဒလမြို့နယ် သမိုင်းဝင်ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူ‌ဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဒလ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ စုပေါင်း၍ ဓနုတ်စံပြကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူ‌ဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၂၅) ဦးသည် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားပန်းကပ်လှူဒါန်းခြင်းနှင့် စေတီရင်ပြင်တော်တွင် သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲရင့်သူ (ပြန်/ဆက်)