ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်အထက်တန်းကျောင်း၌ ဗလငါးတန်နှင့် ပြည်စုံစေသည့် ကျောင်းသား/ကျောင်းသူများဖြစ်လာစေရန် ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ သပြေညို ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမကြီး ဒေါ်အေးအေးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကာဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သပြေညို ကိုယ်ပိုင်အထက်တန်း‌ကျောင်းရှိ လူငယ်စကားဝိုင်း ဆွေးနွေးပွဲမှ Grade-11ကျောင်းသူ မအိသဉ္ဇာခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ ဖူးပြည့်စုံကျော်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မခန့်ရတီကိုက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသူများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)