မြစ်သား ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်တိုင်းရင်းဆေးကုဌာနမှ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဒီဇင်ဘာ ၅ ရက်နံနက် ၉ နာရီ အချိန်က ပေါက်မြိုင်ကျေးရွာတွင် ကုသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်ဆေးမှူး ဒေါ်စိုပြေဝင်းက ကျေးရွာသူ/ကျေးရွာသားများကို ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော နှာစေး၊ ချောင်းဆိုးခြင်း၊ အစာမကြေခြင်းရောဂါများကို ကုသပေးခြင်း၊ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ပေါက်မြိုင်ကျေးရွာရှိ ပြည်သူ (၁၃၃) ဦးအား ကုသပေးခဲ့ပြီး ကွင်းဆင်းကုသပေးခြင်းများကို သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)