ပြည်ကြီးတံခွန် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီး တံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့်မီးလောင်မီးလန့်မှုများ မဖြစ်ပွား၊ မပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက စတင်ကာ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ အရန် (၂၅) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ တောင်မြင့်ရပ်ကွက်အတွင်းရှိ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် မဲရုံများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မဲရုံများ ပတ်၀န်းကျင်ရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေး၍ ရွေးကောက်ပွဲကာလအတွင်း မီးကိုသတိပြု၍ သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေ/ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရန် မှာကြားပြီး မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)