တောင်သာ ဒီဇင်ဘာ ၅
တောင်သာမြို့နယ်၌ မကြာမီကျင်းပတော့မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်၊ ဌာနဆိုင်ရာများအားလုံး၊ မြို့တွင်းရှိဈေးဆိုင်များထံသို့ ဒီဇင်ဘာလ ၅ ရက်နေ့ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးနှိုးဆော်သည့် လက်ကမ်းစာစောင်များအားဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ပြည်သူများထံနှင့် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းများထံသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများက လက်ကမ်းပါအချက်အလက်များကို ပြောကြားခဲ့ပြီး၊ လက်ကမ်းစာစောင် အစောင်ရေ (၃၀၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)