ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲအား ဆက်လက်ကျင်းပ

ငါန်းဇွန် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ (တတိယမြောက်နေ့) အဖြစ် မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ ငါန်းဇွန်မြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက် (၇) နာရီမှစ၍  ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ယှဉ်ပြိုင်ရွေးချယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းမှ တာဝန်ယူကြီးကြပ်၍ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲ (တတိယမြောက်နေ့) အဖြစ် ငါန်းဇွန်မြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရွေးချယ်ပွဲကို ယနေ့နံနက် (၇) နာရီအချိန်မှစ၍  ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ယှဉ်ပြိုင်ရွေးချယ်မှုပြုလုပ်ခဲ့ရာ ကျားမီတာ (၁၀၀)၊ မမီတာ (၁၀၀)၊ ကျား မီတာ (၈၀၀)၊ မ မီတာ (၄၀၀)၊ အိပ်ထမတင်(ကျား/မ)၊ လပ်ထောက်တွန်းတင် (ကျား/မ)နှင့် ရပ်လျက်အလျားခုန် (ကျား/မ) စသည့် အားကစားနည်း (၅) မျိုးဖြင့် ယှဉ်ပြိုင်ရွေးချယ်ခဲ့ကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ပွဲကို ငါန်းဇွန်မြို့နယ်ရှိ အထက ငါန်းဇွန်မြို့၊ အထက ခြင်္သေ့လက်ရွာ၊ အ.ထ.က မြို့သာနှင့် အ.ထ.က (ခွဲ) ကျောက်တလုံးကျေးရွာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ပွဲကို အခန်း (၄) ခန်း ခွဲ၍ ယှဉ်ပြိုင်စေခဲ့ပြီး ရေးဖြေ၊ နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများဖြင့် ယှဉ်ပြိုင်ရွေးချယ်ခဲ့ကြောင်း သိရသည်။ (၃-၁၂-၂၀၂၅) ရက်နေ့တွင် မြန်မာစာဘာသာနှင့် အင်္ဂလိပ်စာဘာသာရပ်များဖြေဆိုခဲ့ပြီး (၄-၁၂-၂၀၂၅) ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေများ ယှဉ်ပြိုင်ဖြေဆိုခဲ့ကာ ယနေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ယှဉ်ပြိုင်ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ရရှိသူ ကျောင်းသား/ကျောင်းသူ (၃၁) ဦးရှိရာ ကျန်းမာရေးအရဖြေဆိုရန် ပျက်ကွက်သူ (၆) ဦးရှိကြောင်းနှင့် လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅) ဦးရှိကြောင်း သိရသည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခံရသော ကျောင်းသား/ကျောင်းသူများသည် ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ဆက်လက်၍ ဝင်ရောက်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)