ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရေနံချောင်း ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအများကြားတွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် အမှားအမှန်ဝေဖန်ခွဲခြားတတ်စေရန် ရည်ရွယ်၍ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က အစားအစာဘေးကင်းလုံးခြုံရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်က ဆောင်းရာသီတွင်ဖြစ်ပွားတတ်သော တုတ်ကွေးရောဂါနှင့် တိုင်းရင်းဆေး၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေးဟောပြောကာ ကျောင်းသား ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်