တောင်ငူမြို့နယ်၌ ​မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်း စာမေးပွဲဖြေဆိုပြီးစီး

တောင်ငူ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ထူးချွန်ထက်မြက်သောလူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက်အားထားရမည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစိစစ်​ခြင်းစာမေးပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းှစတင်၍ တောင်ငူမြို့၊ အ.ထ.က()၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စာမေးပွဲ ဖြေဆိုပြီးစီးသည်။

လူရည်ချွန်ရွေးချယ်​ရေးစိစစ်စာမေးပွဲတွင် တောင်ငူမြို့နယ်အတွင်းှိ အခြေခံပညာကျောင်းများမှ Grade-9၊ Grade-10၊ Grade-11 နှင့် Grade-12 ကျောင်းသား/ကျောင်းသူ (၄)ဦး ဝင်ရောက်ယှဥ်ပြိုင်ဖြေဆိုခဲ့ပြီး (၃-၁၂-၂၀၂၅)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်သာသာပ်၊ (၄-၁၂-၂၀၅) ရက်နေ့တွင် အထွေထွေဗဟုသုတှင့် လူတွေ့နှုတ်ဖြေဘာသာရပ်၊(၅-၁၁-၂၀၂၅)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းဘာသာရပ်များကို ရွေးချယ်စိစစ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)