မြဝတီမြို့အမှတ်(၂၇၅)ခြေလျင်တပ်ရင်းတွင် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မြဝတီ ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းရှိ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအား ၂၀၂၅ ခုနှစ်ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်း သပ် မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂၇၅) ခြေလျင်တပ်ရင်းတွင်ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌  မြဝတီ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမျိုးမင်းထက်တို့က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုရသည့် ရည်ရွယ်ချက်များ၊ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက် လာကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များက  မြန်မာအီလက်ထ​ရောနစ်မဲပေးစက်အား လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးခြင်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

မြဝတီ မြို့နယ်ရှိသတ်မှတ်မဲရုံများဖြစ်သည့် မြို့ပေါ် (၇)ရပ်ကွက်နှင့် ပူလွဲပူကျေးရွာအုပ်စုရှိ (အရပ်သား၊တပ်မဲရုံ)၊ မဲပလဲ့ကျေးရွာအုပ်စုစု၊ မဲကနယ်ကျေးရွာအုပ်စု၊ ဖားကလူကျေးရွာအုပ်စုများရှိ (တပ်မဲရုံ)များဖြင့် အရပ်သားမဲရုံ(၃၅)ရုံ၊ တပ်မဲရုံ (၇)ရုံ   သတ်မှတ်မဲရုံပေါင်း (၄၂)ရုံ  ရှိသည့်အနက် တပ်မဲရုံများ၌ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းကိုသက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)