မြင်းခြံ ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေသက်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် အသုံးပြုနည်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)