ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်

သုံးခွ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ‌တော်ကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အဖွဲ့ဝင်များအား သန်လျင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအက၊ သုံးခွမြို့နယ် ရှမ်းစု အ.ထ.က (ခွဲ) ကျောင်းမှ ဦးရွှေရိုး ဒေါ်မိုး၊ ရှမ်းအိုးစည်အကတို့ဖြင့် ကြိုဆိုခဲ့ကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ သန်လျင်ခရိုင် လက်ထောက်ပညာရေးမှူး ဦးယောဟန်၊ သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်း မိဘဆရာအသင်းဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အဖွဲ့သည် ဌာနဆိုင်ရာပြခန်းများဖြစ်သည့် ကျန်းမာရေးပြခန်း၊ ပညာရေးပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ MSME ပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြခန်း၊ ကြက်ခြေနီပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဥာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာပေစကားဝိုင်းဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ၊ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများနှင့် စာအုပ်အ‌ရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပရာတွင် သုံးခွမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက အခမ်းအနားကို “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွဲကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သုတရသစာအုပ်လှူဒါန်းငွေကျပ် သိန်း (၃၀) အား လူမှုရေးရာဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းထံ ပေးအပ်ခဲ့ပြီးနောက် စာပေဟောပြောမည့် စာရေးဆရာမ‌ ပေါက်ပေါက်အား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "အမျိုးသားစာပေ ယဥ်ကျေးမှုအမွေ" သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဆင်နွှဲကြသည့် ကျောင်းသား/သူ ၃၀၀၀ ကျော်အား ၁ ဦးလျှင် သုတ၊ ရသစာအုပ် ၁ အုပ်စီနှင့် ကြာဇံကြော်များ ဝေငှခဲ့သည်။

ထို့နောက် စာရေးဆရာမ ပေါက်ပေါက်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာပေဟောပြောဆွေးနွေးပြီးနောက် သုံးခွမြို့နယ် ပုလဲကျေးရွာ အခြေခံပညအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "စဥ်းစားအုံးမယ်သီချင်းဖြင့်လည်းကောင်း၊ သိုက်တူးကန်အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက" ထာဝရမြန်မာသီချင်းဖြင့်လည်းကောင်း၊ အမှတ် ၂ အခြေခံပညအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ယိမ်းသမလေး” သီချင်းဖြင့် အသီးသီးက ပြဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သုံးခွမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) မှ ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်သီချင်း”ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)