မိုးကောင်း ဒီဇင်ဘာ ၅
အရည်အချင်းမြှင့်မားသည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ပညာထူးချွန်ပြီး စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သော ကျောင်းသားလူငယ်များရွေး ချယ်ရာတွင်ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အဆင့်ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဒီဇင်ဘာ(၅)ရက် နံနက်(၈)နာရီတွင် ပြုလုပ်သည်။
အခြေခံပညာဦးစီးဌာနမှ ဒုတိယမြိုနယ်ပညာရေးမှူး ကြီးကြပ်မှုဖြင့် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများက မြို့နယ်ကျောင်းများရှိ Grade-9 ၊ 10 ၊ 11 ၊ 12 တိုမှ ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ(၂၀)ဦးစုစုပေါင်း (၃၈)ဦးကို ကျားမီတာ(၈၀၀)၊ မမီတာ(၂၀၀)အပြေးပြိုင်ခြင်း၊ ဒိုက်ထိုးခြင်းနှင့် အမြင့်ခုန်အားကစားနည်းများယှဉ်ပြိုင် စစ်ဆေးကြောင်းသိရသည်။
စာတွေ့စစ်ဆေးခြင်းကို အ.ထ.က(၂)၌ ဒီဇင်ဘာ(၃)ရက်နေ့တွင်ကျင်းပခဲ့ရာ နံနက်(၉)နာရီမှ (၁၁)နာရီထိ မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ်(၁)နာရီမှ (၃)နာရီထိ အင်္ဂလိပ် ဘာသာရပ်ကိုလည်းကောင်း၊ ဒီဇင်ဘာ(၄)ရက်နေ့ မနက်ပိုင်းတွင် အထွေထွေ ဗဟုသုတဘာ သာရပ်နှင့် ညနေပိုင်တွင် လူတွေ့နှုတ်ဖြေ အသီးသီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွေးချယ်ခံရမည့်ကျောင်းသားကျောင်းသူများကို ခရိုင်အဆင့်လူရည်ချွန်ပြိုင်ပွဲများ၌ ဆက်လက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)