တံတားဦး ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီရုံးနေရာ၌ ကျင်းပကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာသို့ တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ (၁၁၃၂) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၆၇၉၂၀၀၀၀) ကျပ်ဖြစ်ကြောင်းနှင့် အဆိုပါထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေထောက်ပံ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)