မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မျိုးစေ့ချကိရိယာ (Drum Seeder) များပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ကျင်းပ ဆောင်ရွက်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာ စကား ပြောကြားရာတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့်ကြဲခင်း ထက်မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာ စေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးစောစီးစွာရရှိနိုင်ခြင်း၊ ရေကြီးနှစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှု မရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်ကြသော တောင်သူများထံသို့ ခရိုင်စီခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ဘုန်းမာန်၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးတို့က လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) များအား ပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)