ဒေးဒရဲ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမြသိန်းမောင်က ဒေးဒရဲမြို့နယ်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများနှင့် သင်တန်းမှပို့ချမည့် အချက်အလက်များကို လေ့လာမှတ်သားပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိတ်စေတနာ အပြည့်အဝဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ သိရှိရန်လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ရွေးကောက်ပွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဥပဒေဆိုင်ရာများ၊ မီးဘေးလုံခြုံရေးဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါသင်တန်းသို့ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်ရေးမှူး(၁၈၆)ဦး တက်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
အေဇာလင်း