ကျုံပျော် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအား မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြငိ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ နေ့ချင်းပြီးဆောင်ရွက်ပေးမှုကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ဒီဇင်ဘာ ၈ ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျုံပျော်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းစိုးအောင်ဦးဆောင်သည့် ဝန်ထမ်းများက ကျုံမရမ်းအုပ်စု၊ သောင်ရွာအုပ်စု၊ ကျီးအိုင်အုပ်စုတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူလဲလှယ်သူ (၁၆၇)ဦးတို့အား One Stop sevice ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ တစ်ပါးတည်း ထုတ်ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)