ကော့မှူး ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်က အချိန်ကိုမိတ်ဆွေဖွဲ့ပါ ရန်သူမလုပ်ပါနဲ့ စာအုပ်ဖြင့်စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်များအနေဖြင့် စာအုပ်စာပေများလေ့လာ ဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်အားဝေဖန်ပိုင်ခြားနိုင်သဖြင့် စာအုပ်စာပေများအား စဉ်ဆက်မပျက်လေ့လာဖတ်ရှုကြရန်လိုကြောင်း၊ စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ရရှိနိုင်သောအကျိုး ကျေးဇူးများ၊ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စာပေဝါသနာရှင် မမျိုးမျိုးက ကစာရေးဆရာချစ်စံဝင်းရေးသားသည့် အချိန်ကိုမိတ်ဆွေဖွဲ့ပါရန်သူမလုပ်ပါနှင့် ရေးသားသည့် စာအုပ်ထဲမှ အချိန်တွေအများကြီးရှိသည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချိုမီမီဇော်ကမွေးသည်မှ အလုပ်စတင်ဝင်သည်အချိန်အထိ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နိုင်ဝင်းက အလုပ်စတင်လုပ်ကိုင်ခြင်းနှင့် ငွေကြေးတာဝန်ယူခြင်းခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မမျိုးမျိုးကစတင်ဆွေးနွေးရာတွင် အချိန်သည်လူတစ်ယောက်၏ ဘဝတွင် တန်ဖိုးဖြတ်၍ မရနိုင်သောအရာဖြစ်ကြောင်း၊ မိမိပိုင်အချိန်သည်ငွေကဲ့သို့ပင် အရေးကြီးလှပါကြောင်း၊ အချို့ကိစ္စများတွင် အချိန်သည်ငွေထက်ပင်အရေးကြီးပါကြောင်း၊ အချိန်၏ သဘောသဘာဝများကို လေ့လာပါက အချိန်သည်အဖိုးဖြတ်၍ မရသောအရာဖြစ်၏၊ အချိန်သည်ရွှေဖြစ်သည်။ အချိန်တွင် အစွမ်းသတ္တိများရှိကြောင်း၊ အချိန်သည်ငွေကိုသာမက အောင်ပွဲများကိုဖန်တီးနိုင်ကြောင်း၊ လူ့ဘဝ၌ ကျဆုံးမှုသည်အချိန်ကို ကျနစွာအသုံးမပြုသောကြောင့်ဖြစ်ပြီး အချိန်ကိုမလေးစားသောကြောင့်ဖြစ်ကြောင်း၊ လူ့လောကလူ့ဘဝတွင် အချိန်သိပ်မရှိ၊ အချိန်ကိုငွေနှင့် ဝယ်၍မရ၊ ဘာပစ္စည်းနှင့်မျှလဲ၍မရကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ