ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်အခြေပြုအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ပန်းဘဲတန်း ဒီဇင်ဘာ ၁၀

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ဒီဇင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ ဆူရတီဘာသာရေးကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အခြေပြု အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ ပူးပေါင်း၍ ရပ်ကွက်အခြေပြု အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရော​ဂါဖြစ်ပွားမှုများနှင့် ပက်သက်၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်​ဝေခဲ့သည်။

ယင်းသို့ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လိုအပ်သည်များ မှာကြားကာ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)