ကျောင်းကုန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၊ အ.ထ.က(ခွဲ)မီးသွေးတိုက်ကျောင်း၌ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌက အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်သူက လက်ခံရယူခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ လူငယ်နှင့်စာပေကဏ္ဍအား Grade 11 မှ မလှမွန်ထွေး၊ လူငယ်နှင့်ယဉ်ကျေးမှုကဏ္ဍအား Grade-10 မှ မအိသဲခိုင်၊ လူငယ်နှင့်အင်တာနက်ကဏ္ဍအား Grade-10 မှ မောင်ထွန်းလင်းစံ၊ လူငယ်နှင့်အားကစားကဏ္ဍအား Grade-10 မှ မစိမ့်စိမ့်သူ တို့က အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာသက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
လူငယ်စကားဝိုင်းအပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များဖတ်ရှုစေကာ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ပတ်ဝန်းကျင်သာယာဖို့ အမှိုက်စွန့်ပစ်ကြပါစို့စသည့် သိကောင်းစရာ နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်