ငပုတောမြို့နယ်အတွင်း ဒေသထွက် ကြက်စာ၊ ဘဲစာလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ငပုတော ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဒီးဒူးကုန်းကျေးရွာအုပ်စုတွင် ပင်လယ်‌ပြင်မှရရှိသော ငါး၊ပုစွန်များဖြင့် ဒေသထွက် ကြက်စာ၊ ဘဲစာလုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးသန်းဦးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးရယ်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ပတ်ဝန်ကျင်းတွင် အနံ့ဆိုးများပျံ့နှံမှုမရှိစေရေး၊ ကျန်းမာရေးနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် ကျောက်ကလပ်ဆေးရုံသို့ ရောက်ရှိပြီးဆေးရုံ တက်ရောက်ကုသနေသည့် လူနာများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံက ဆေးရုံပတ်ဝန်း ကျင်အတွင်း လှည့်လည်ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံမှာကြားသည်။

ထို့နောက် အုတ်တွင်းကျေးရွာမှ ကုန်းသာယာကျေးရွာသို့ဆက်သွယ်ထားသည့် အုတ်တွင်း-ကုန်းသာယာတံတားအား အဆင့်မြှင့်တင်ဆောက်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည့်တံ့အောင် သတ်မှတ်တန်ချိန်ထက်ကျော်လွန်၍ မောင်းနှင်ခြင်းမျိုးမပြုစေရေး တာဝန်ရှိသူများထံမှာကြားပြီး အုတ်တွင်းကျေးရွာဆိပ်ခံ တံတားအနီးကမ်းထိန်းနံရံများ တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ