ရေနံချောင်းမြို့နယ်၌ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ရွေးကောက်ပွဲလှုံ့ဆော်ရေး Billboard စိုက်ထူ

ရေနံချောင်း ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများပိုမိုပါဝင်မဲပေးနိုင်ရေး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ရွေးကောက်ပွဲလှုံ့ဆော်ရေး Billboard ကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၌ စိုက်ထူခဲ့ကြောင်း သိရသည်။

ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပြည်သူတစ်ရပ်လုံး ပိုမိုပါဝင်မဲပေးနိုင်စေရန် ရည်ရွယ်၍ အလျား ၂၀ ပေ၊ အနံ ၅ ပေရှိ “ဒို့အတူတူ မဲပေးကြမယ်၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” ရွေးကောက်ပွဲလှုံ့ဆော်ရေး Billboard ကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက စုပေါင်းစိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်