နတ်မောက် ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လည်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်ရီရီငြိမ်းက အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေးအကြောင်းများ၊ အာဟာရဖွံ့ဖြိုးမှုနှင့်ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများ၊ ဦးနှောက်နှင့်ကိုယ်ခန္တာကောင်းစွာဖွံဖြိုးတိုးတက်စေရေးနှင့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများအကြောင်းစသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ အားအာဟာရနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း