ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကဝ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေမြတ်နိုးသူအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ ဖေမြင့်၏ “ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း‌ပြောကြားပြီး စာပေမြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် ဦးဌေးနိုင်က စာရေးဆရာ ဖေမြင့်၏ “ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ”စာအုပ်မှ “အပြောအဆိုလိမ္မာသူတို့၏အမူအကျင့်ကောင်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအေးဆန်းက “အားနာပါးနာခေါင်းမညိတ်ပါ”နှင့် ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ဦးဇော်နိုင်က “ပရိတ်သတ်ရှေ့တွင် စကားပြောခြင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း"၊ ဦးဇော်ဇော်က "အားပေးစကားဆိုနည်း" ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)