တောင်တွင်းကြီးမြို့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် “ကမ္မဋ္ဌာနစရိယ” ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဇဗ္ဗူသီရိဓမ္မ ဗိမာန်တော် ရေစက်ချ အခမ်းအနားကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ထူပါရုံမိုးကုတ် ဓမ္မရိပ်သာကျောင်းတိုက်ပဓာန နာယက မိုးကုတ်နယ်လှည့် ဓမ္မကထိက၊ ဘဒ္ဒန္တ သာသနာ၊ သာသန ဓဇ ဓမ္မစရိယ၊ ဝိနာယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ မြန်မာ့ပရဟိတအလင်းရောင်၊ ဗုဒ္ဓသာသနာပြုအသင်းကြီး၏  တရားဟောဂုဏ်ထူးဆောင် မဟာဓမ္မကထိက၊ B.Sc Zoology၊ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဇဗ္ဗူသီရိဓမ္မ ဗိမာန်တော် ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားအား နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယအဖွဲ့ဥက္ကဋ္ဌဆရာတော် သာယာအေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်သည့်ပရိတ်တရားတော်များကို နာယူကြကာ “ဘဒ္ဒန္တသာသန” အရှင်သူမြတ်အား ကိုဇော်(ရင်တွင်းဂီတ) အနုပညာအုပ်စုအဖွဲ့မှ မင်္ဂလာရတုပိုဒ်စုံ၊ ရှစ်ဆယ်ပေါ်တေးထပ်တို့ဖြင့်  ဂုဏ်ပြုပူဇော်ခဲ့သည်။

ဆက်လက်၍ အမှတ် (၇) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး၊ ဗိုလ်မှူးကြီး ကျော်သန်းဆွေက “ကမ္မဋ္ဌာနစရိယ” ဘွဲ့တံဆပ်တော်နှင့် အဆောင်အယောင်များဆက်ကပ်လှူဒါန်းခဲ့ကာ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာန နာယက မဟာစည်နယ်လှည့်ဓမ္မကထိက အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တ မာနိတအရှင်သူမြတ်မှ ဂုဏ်ပြုပူဇော်ဝမ်းမြောက်ကြောင်းစကား ချီးမြှင့်ပေးခဲ့ပြီး တောင်တွင်းကြီးမြို့၊ မောင်းတိုင် (၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးညီညီက ဂုဏဝိဋ္ဌပူဇာသဘင်နှင့် ဇမ္မူသီရိဓမ္မဗိမာန်တော် ရေစက်ချမင်္ဂလာတွင် ဝမ်းမြောက်ကြောင်း ​စကားပြောကြားခဲ့သည်။

ထို့နောက် တောင်တွင်းကြီးမြို့၊ သီရီရပ်၊ သီရိမင်္ဂလာ သိမ်ကုန်းဓမ္မရိပ်သာကျောင်း မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ နယ်လှည့်ဓမ္မကထိက ပဓာန နာယက၊ နိုင်ငံတော် ကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)