မိုင်းယောင်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေး အထောက်အကူပြုပစ္စည်းများပေးအပ်ကြပြီး ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်းစကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအစည်းအဝေးခန်းမတွင် ပုံစံ(၇) အမည်ပြောင်းအမှုတွဲ (၄)တွဲစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း