မိုင်းခုတ်မြို့ လူထုအ​ခြေပြုဗဟိုဌာန(community center)ခန်းမတွင် စာဖတ်ရှိန်​မြှင့်တင်​ရေး အသိပညာ​ပေးဟောပြောပွဲပြုလုပ်

မိုင်းခုတ် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်​မြှင့်တင်​ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ရုံးဦးစီးမှူး ဒေါ်ခင်သန္တာအောင်က လူငယ်များအနေဖြင့် အသိပညာတိုးတက်စေရန် စာပေကိုဖတ်ရှုလေ့လာသင့်ကြောင်း၊ စာဖတ်ခြင်းဖြင့်ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားလာနိုင်ကြောင်း၊ စကားလုံးအသုံးအနှုန်းများကြွယ်ဝလာနိုင်ပုံနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများကို ငယ်စဥ်အခါမှစ၍စနစ်တကျပြုစုပျိုးထောင်သင့်ကြောင်း စသည်တို့ကို ဟောပြောခဲ့ပါသည်။

စာဖတ်ရှိန်​မြှင့်တင်​ရေးဟောပြောပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂ဝ)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်သန္တာအောင်၊မိုင်းခုတ်မြို့(ပြန်/ဆက်)