ပင်လုံ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အမှတ်၂၇ မူးယစ်တပ်ဖွဲ့စု၊ လွိုင်လင်မှ ရဲအုပ်တင်ထွန်းအောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ၄င်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က လူငယ်နှင့်အားကစားအကြောင်းများအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အိမြတ်နိုးသူက လူငယ်ရေးရာဟောပြောခြင်းအကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး လူငယ်နှင့်စာဖတ်ခြင်းအတတ်ပညာခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ထိုနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က ကျောင်းအတွက်အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသကာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်၂၇ မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)