ကျွန်းစုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော

ကျွန်းစု ဒီဇင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာလ ၉ ရက်နေ့မွန်းလွဲပိုင်းက ထိန်ချောင်းကျေးရွာရှိ အခြခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများအား လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသန္တာက မီးခိုးမြူငွေ့ဆိုင်ရာများအားလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ‌ဒေါ်သီနွဲ့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာများအားလည်းကောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ရေဘေးအန္တရာယ်၊ အပူဒဏ်အန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)