ခမောက်ကြီးမြို့ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲကျင်းပ

ခမောက်ကြီး  ဒီဇင်ဘာ   ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုယ်ခန္ဓာကျန်းမာရေး၊ ကိုယ်ကာယကြံ့ခိုင်မှုတို့အားရည်ရွယ်​ပြီး  ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲကို ဒီဇင်ဘာ  ၉ ရက်နေ့ နံနက် ၉ နာရီက အ.လ.က ယုဇနကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှတာဝန်ရှိသူများက အကဲဖြတ်ကြည့်ရှုအမှတ်ပေးခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအခန်း(၁)ဖြင့် အသင်းလိုက်ပါဝင် ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအခန်း(၃)ဖြင့် အသင်းလိုက် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)