ချမ်းအေးသာစံ ဒီဇင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စဥ်းစားတွေးခေါ်တတ်စေရန်၊ စာပေများနှင့်ရင်းနှီးကျွမ်းဝင်စေရန်တို့အတွက် စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်ပိုစတာများ ခင်းကျင်းပြသခြင်းကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
“ကျောင်းသားလူငယ်များအနေနဲ့ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာများစွာရရှိစေရန်၊ စဥ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ ယဥ်ကျေးသိမ်မွေ့စေရန်တို့အတွက် အခုလို သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသရခြင်းဖြစ်ကြောင်း” ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကာ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ၊ စာအုပ်စာစောင်ပြပွဲများနှင့် အသိ ပညာပေးနံရံကပ်ပိုစတာများ ခင်းကျင်းပြသခြင်း” စတဲ့ အခမ်းအနားများကို စဉ်ဆက်မပြက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)