ဘုတ်ပြင်း ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့က နို့ငွါးကျေးရွာအုပ်စု ချောင်းကဖီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အထက-ချောင်းကဖီကျောင်းအုပ်ဆရာမကြီးက အသိပညာဟောပြောပွဲပြလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ ယင်းနောက် ဘုတ်ပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလူးသယ်ရွှေက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့သည်။ ယင်းနောက် သစ်ဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မီးခိုမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clipပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားပြီး ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာအုပ်များ၊ ကျောင်းသုံး စာအုပ်နှင့်စာရေးကရိယာများ၊ သစ်စေ့များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)