မန္တလေး ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)တွင် ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်(၁/၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထက်အောင်က သင်တန်းအဖွင့်အမှာစကားပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၂၂ ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ ဒီဇင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)