ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြည်ကြီးတံခွန်  ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဗလငါးတန်နှင့်ပြည်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီက  လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်‌စောလွင်က လူငယ်စကာဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အမှတ်(၂၉)အခြေခံပညာ အထက်တန်း‌ကျောင်း(ခွဲ)ရှိ လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ Grade-8 ကျောင်းသူ မမေမြတ်မွန်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 ကျောင်းသူ မမွန်မြတ်ခင်က လူငယ်နှင့်မူးယစ်‌ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မဖြည့်ဖူးကိုက လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသူလေးများက ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)