ရန်ကုန် ဒီဇင်ဘာ ၁၀
သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အောင်မင်္ဂလာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး (၁၃) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းတို့အား ကျောင်းအခြေပြုကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ