ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ယမန်နေ့ညနေပိုင်းက (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ပြိုင်ပွဲများပြုလုပ်​ပေးရာတွင် မူလတန်းကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးမှ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ဟောပြောရာ လွတ်လပ်ရေးနေ့ဖြစ်ပေါ်ပုံအကြောင်းအရာများကို ကျောင်းသား၊ကျောင်းသူများဗဟုသုတရစေရန်ဟောပြောခဲ့သည်။

ထို့နောက် မူလတန်းကျောင်းသား၊ ကျောင်းသူလေးများမှ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများပြုလုပ်၍ ပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား၊ကျောင်းသူလေးများအား ပြန်/ဆက်ဦးစီးမှူးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ (ပြန်/ဆက်)