အလုံမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး

အလုံ ဒီဇင်ဘာ ၁၀

အလုံခရိုင်၊ အလုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ ကြီးကြပ်မှုဖြင့် (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦး၊ကျန်းမာရေးမှူး-၁ ဦးသန်းနိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus) ကျောင်းသူများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော မိန်းကလေးငယ်များအား ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုများနှင့် ပက်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါဆေးထိုးနှံပေးမှုဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ (ပထမနေ့) တွင် (၉၆) ဦး၊ (ဒုတိယနေ့) တွင် (၅၃) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)