မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်၂ နစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်များ မိခင်များနှင့် မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်စုရပ်နေရာများတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကိုယ်၀န်ဆောင်မိခင်များ ကျန်းမာရေးစစ်ဆေးခြင်း ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ရပ်ကွက်စုရပ်နေရာများတွင် နေ့ရက်များ သတ်မှတ်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)