ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်

ကိုကိုးကျွန်း ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ယနေ့နံနက် (၈) နာရီအချိန်တွင် မြို့နယ်ကာကွယ်ရေးအဖွဲ့စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့မှ အနော်ရထာလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်တွင် ဆိုင်ကယ်စီးနှင်းကြသော ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့စီးနှင်းနေသော ဆိုင်ကယ်များအား စစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ဆိုင်ကယ်များ ရှေ့မီး၊ နောက်မီး၊ ဘက်မှန်၊ ဆိုင်ကယ်စီးဦးထုပ်နှင့် သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ကြရန်နှင့် ထော်လာဂျီများကြံ့ခိုင်မှုရှိမရှိ၊ ဘရိတ်များကောင်းမကောင်း စသောဆိုင်ကယ်တစ်စီးတွင်ရှိရမည့် ပစ္စည်းများ၊ ထော်လာဂျီတစ်စီးတွင် ပါရှိရမည့် ပစ္စည်းများစုံမစုံ စစ်ဆေးခြင်းသတ်မှတ်မိုင်နှုန်းဖြင့် မောင်းနှင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမောင်းနှင်ကြရန် အသိပညာပေးခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးခြင်းကို ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းကြီး (၅) ဖွဲ့တွင် ပါဝင်သော ကိုကိုးကျွန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များမှ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးခြင်း အသိပညာပေးဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို အကြံပြုလမ်းညွှန်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)