မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

မန်ကန် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူငယ်များအားဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထား ရမည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့က မန်ကန်မြို့  လူထုအခြေပြုဗဟိုဌာနခန်းမ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက လူငယ်ရေးရာဟောပြောပွဲတွင် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သတ်သောအကြောင်းအရာများအား အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ လူငယ်များက မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေမန်ကန်(ပြန်/ဆက်)