တာချီလိတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်(သံအမတ်ကြီး-အငြိမ်းစား)က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တာချီလိတ် မြို့မိ၊ မြို့ဖ ဦးထွန်းနေဦးက မြန်မာ-လာအို ချစ်ကြည်ရေးအသင်းရုံးချုပ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရုံးခွဲကို နေပြည်တော်တွင် ဖွင့်လှစ်ထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံသည် ဘာသာယဉ်ကျေးမှုတူညီသည့် နိုင်ငံဖြစ်သည့်အပြင် နှစ်နိုင်ငံလူမှုစီးပွားလုပ်ငန်းများ ကူးလူးဆက်ဆံဆောင်ရွက်နေသည့် နှစ်နိုင်ငံဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းရုံးခွဲသည် နှစ်နိုင်ငံပြည်သူလူထုအရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်မည့် ချစ်ကြည်ရေးအသင်းဖြစ်ကြောင်း သိရသည့်အတွက် မြို့လူထုကိုယ်စား ဝမ်းမြောက်ဂုဏ်ယူကြောင်း ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင် (သံအမတ်ကြီး-အငြိမ်း စား)၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် မြို့မိ၊ မြို့ဖများက မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များကို ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)