ချမ်းအေးသာစံ ဒီဇင်ဘာ ၁၀
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
စွမ်းရည်မြှင့်တင်ပြိုင်ပွဲများတွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ သင်္ချာဥာဏ်စမ်း၊ အင်္ဂလိပ်စာ စွမ်းရည်၊ ပုံဆက်ဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ စတဲ့ပြိုင်ပွဲအမျိုးအစား ၈ မျိုးအား အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ Grade-5 ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးတို့ပါဝင် ယှဥ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား စာရေးကိရိယာများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)