မဟာအောင်မြေ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်နေ လူငယ်လူရွယ်(ကျား/မ)မရွေး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းသည်။
မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်နေ လူငယ်များကိုယ်လက်လှုပ်ရှားမှုရှိစေရန် လှုပ်ရှားမှုအနေဖြင့် ချောတိုင်တက်ပြိုင်ပွဲကို အိုးစည်းတီးဝိုင်းများဖြင့် စည်စည်ကားကားကျင်းပခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း