မဲစာရင်းများမှန်ကန်စေရေး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး door to door စစ်‌ဆေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် ဒီဇင်ဘာ ၁၀

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးနှင့်မဲစာရင်းများမှန်ကန်စေရေး ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး Door To Door စစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ Door To Door ကွင်းဆင်းခြင်းများကို ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် ကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကြီးကြပ်မှုကော်မတီများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အတူ ကျောက်ဆည်မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်